ငြိမ်းချမ်းရေးမှာ တောင်ပံတွေရှိတယ်

လူတစ်ယောက်ကို ကန်ကျောက်ပြီးတော့မှ
အိပ်မက်တွေကို ရိုက်ချိုးပစ်ပြီးတော့မှ
ဘွာတေးလုပ်လို့ ရမတဲ့လား..........။

ငါ့ကို...
မင်းတို့ ခါးကြားထဲက လူသတ်လက်နက်တွေ
လာပြစရာမလို...
ငါ့ကို....
မင်းတို့ ခါးပိုက်ထဲက
မြွေပွေးများနဲ့ လာခြောက်စရာမလို.....
ငါ့ကို.....
မင်းတို့နေသားကျလာတဲ့ ကြမ်းကြုတ်မှုများနဲ့
မိတ်ဆက်ပေးစရာမလို.....။

ဘောင်မခတ်ပဲလည်း ငါတို့က အနားသတ်မျဥင်္းရှိတယ်
ဘောင်ခတ်ထားလည်း ငါ့တို့မှာ တောင်ပံများ ရှိတယ်
သတ်ကွင်းထဲ ခဏ ခဏခေါ်လည်း
သက်ပြင်းက တစ်ချက်မှ မချ...
ငါတို့လိုချင်တာ
မင်းတို့ စည်းစိမ်မဟုတ်ဘူး
ငါတို့လိုချင်တာ
မင်းတို့ လက်နက်တွေ မဟုတ်ဘူး
ငါတို့ လိုချင်တာ
တစ်ဖက်စောင်းနင်း အခွင့်အရေးတွေ မဟုတ်ဘူး
ငါတို့လိုချင်တာ
ဖိနပ်အောက်က ဘ၀တွေ မဟုတ်ဘူး...။

ငါတို့ လိုချင်တာ
ငြိမ်းချမ်းချင်ယောင်ဆောင်မထားတဲ့
ငြိမ်းချမ်းမှူအစစ်.......။

No comments:

Post a Comment