အချစ်စစ်.............



  •    ၂၀၀၅... ဆေးကျောင်းတက်ခွင့်...အဲဒီအိပ်မက်က ကိုယ့်ဘ၀ရဲ့ ဆုလာဘ်နံပါတ် တစ်ပါ...ဆေးမန်းရဲ့ ရင်ခွင်မှာ ကိုယ့်ခေါင်းလေးမှီအုံး..ကိုယ့်နှလုံးသားလေး နှာစေးနေခဲ့တုန်းပေါ့....
  • ၂၀၀၆.......သူက ကိုယ့်ချစ်သူပါ...ပျိုတိုင်းကြိုက်တဲ့ နှင်းဆိခိုင်လေးလို့ အမည်ရသူ....သူ့ကိုမှ ကိုယ်က.. နှလုံးသားထက် ကိုးကွယ် ဦးခိုက်....
  • ၂၀၀၇......ဆေးမန်းရဲ့ ရင်ခွင်ထဲ အကြိမ်ကြိမ် ကျဆုံးလို့ကောင်းတုန်းပေါ့....
  • ၂၀၀၈.......သူပစ်သွားတဲ့ ညနေတွေ....သူ ခါချသွားတဲ့ ချစ်ခြင်းတွေ...တစစီပြန်ကောက်...အဲဒီမှာ ဒုတိယချစ်သူကို ကိုယ်တွေ့ခဲံ....
  • သူက စာတော်ပြိး...ကိုယ့်နှလုံးသားကို အောင်မြင်မှုတွေ အပ်နှင်းပေးခဲ့သူတစ်ယောက်...
  • ၂၀၀၉.......သူ့ကို ကိုယ် ချစ်ပေမယ့် လည်း  အခြေအနေတွေ ကွာဝေးလွန်း    အဆင်အခြင်မဲ့ မသွားဖို့ ကိုယ့်ကိုယ်ကို ဆုံးမ...ဒိလိုနဲ့...
  • ၂၀၁၀......ကြမ်းတမ်းတဲ့ သူ့လက်တွေ က ကိုယ့်အတွက်တော့ ပျားသလက်လို ချိုမြိန်လွန်းတယ်လေ......တတိယမြောက် နံနက်ခင်းလေးဆီမှာ ရာသက်ပန် ပျိုးခင်းတစ်ခု တည်ဆောက်ဖို့ ပြင်တုန်း....
  • လေးယောက်မြောက် ချစ်ရသူ က ပုံပြင်တွေ တပွေ့တပိုက်နဲ့ နှလုံးသားကို တိတ်တဆိတ် အရောင်ဆိုးသွားလေရဲ့.......
  • ၂၀၁၁....စံပြဆေးရုံမှာ အလုပ်သင်ဆင်းတော့  ကိုယ့်ရဲ့ ပင်ပန်းခြင်းတွေကို သက်သာစေမယ့် နောက်ထပ်ရောင်စဉ်တန်းကလေး....
  • သိပ်မကြာတော့တဲ့ တစ်နေ့မှာ ကိုယ့် အလင်းတန်းလေးက နူးညံ့စွာ မိန့်ဆိုလေရဲ့...... ကိုယ် မင်းကို တကယ် မချစ်တော့ဘူးတဲ့....
  • ၂၀၁၁ ဇွန်လ ကလေးကျန်းမာရေး သင်တန်းကနေ လှည်းကူးမှာ ၂ပတ်တာ ကွင်းဆင်းရတယ်....အဲဒီမှာ ဖျားနာနေတဲ့ ကိုယ့်နှလုံးသားလေး နောက်တစ်ဖန် ခလုတ်တိုက်ပြန်တယ်...
  • သူ့ဆိက ကိုယ်လိုချင်တာ တစ်ခုထဲပါ.......အဲဒါကိုမပြောခင် ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာ ၀န်ခံရဥိးမယ်......အချစ်စစ်ဆိုတာ ကိုယ်ဘယ်တော့မှ ပိုင်ဆိုင်ရမှာလဲ..မရေရာလှပေမယ့်...
  • အကြိမ်ကြိမ် ပစ်ချခံရတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားလေး ခြောက်ကြိမ်မြောက် နံနက်ခင်းမှာ နောက်တခါ အသည်းမကွဲဖို့ ၀ိုင်းဆုတောင်းပေးကြပါ..................

3 comments:

  1. ဆရာမရေ...
    အလည်ရောက်လာပါတယ်ခင်ဗျ..
    နောက်ပြီမေးချင်တာကတော့ ဘာကြောင့် ဆေးလောကအကြောင်းပဲ ရေးဖြစ်နေသလဲလို့ ပါ။
    teenမှာဆုံခွင့်ရလို့  ၀မ်းသာမိပါတယ်ခင်ဗျာ...
    ထော်ဦး(ဘားအံကွန်ပျူတာ)
    http://htawoo.blogspot.com

    ReplyDelete
  2. ဆုတောင်းပေးပါတယ်ဗျာ ဆုတောင်းပေးပါတယ်
    ဖတ်မိသူပါ ရောငိုချင်သွားရဲ့ဗျား(

    ReplyDelete
  3. ချစ်ကံကောင်းနိုင်ပါစေ ညလေးရေ..

    ReplyDelete