ကျွန်မ ချစ်သော နောင်တ


နင် ယုယဖို့ မေ့နေခဲ့တဲ့ လူကို
ငါ အဲသည်နေ့က မိုးရိပ်တွေထဲတွေ့တယ်
နင် မပြုစုလို့ ညှိုးခြောက်နေတဲ့ သူ့ကို
ငါသနားလွန်းလို့  ငါ့အိပ်ကပ်ထဲကောက်သိမ်းလိုက်တယ်
နင့် ပျိုးခင်းထဲက ပန်း...
ကြွေ ချင်သလို ကြွေနေတာ ငါသည်တိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး
နင် သိသိ မသိသိ
နင့်ကို မျှော်ရင်း အကြင်နာငတ်နေတဲ့ ပုတီးကုံးကို ငါဆွဲလိုက်တယ်
နင် သိအောင် ငါပြောမယ်
ခု နင့် ခြံထဲက ချစ်ခြင်း ပန်းတစ်ပွင့်ဟာ
ငါ့နှလုံးသားပေါ် ကျေနပ်စွာ အိပ်စက်တယ်
နင် နှိုးပြီး ပြန်ခေါ်သွားရင်တောင်
ဘာတစ်ခုမှ မမျှော်လင့် ...ပန်းကြွေ တစ်ပွင့်
ကောက်ယူမွေးစားတဲ့ ငါ့လို ငတုံးမကို
အပြစ်မတင်ပါနဲ့
ဘာလို့လဲ ဆိုတော့...
ငါ့အပြစ်ငါ ဂုဏ်ယူချင်နေသေးတယ်.....။

လင်းစက်

2 comments:

  1. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  2. ကြံဖန်ပြီးဂုဏ်ယူတတ်တယ်နော်..
    ဘ၀ ဆိုတာ ကျေနပ်တတ်ရင်မြတ်တယ်တဲ့..အဲ့ဒါကောင်းတယ်

    ReplyDelete