ညနှင့် အသည်းကွဲ သစ်ရွက်များအကြောင်း

Leave at Night in the Clouds
သည်နေ့ည..
ငါဟာ အိမ်မပြန်ချင်ဘူး
ဓူဝံကြယ်ကို ရှာခဲ့တယ်
ခုနစ်စဉ်ကြယ်ကို ရှာခဲ့တယ်
မှိတ်တုတ် မှိတ်တုတ် မလင်းတလင်း  ဘ၀တွေကို
ဒဏ်ရာတွေနဲ့ နှိုင်းခဲ့တယ်
မျက်နှာတွေဟာ မသဲကွဲဘူး
ငိုရင်း ကျမလာတဲ့မျက်ရည်က
ဆိုရင်း အက်ကွဲလာတဲ့ အဲလက်စ်သီချင်းကို လွှမ်းသွား
အသည်းလေးကွဲကာ မျက်ရည်တွေနဲ့ပေါ့
သည်လို ရူးမိုက်တဲ့ နှလုံးသားလေးမှာ
ကိုးကွယ်တာ မင်းပေါ့...မင်းပေါ့..
သည်လိုနဲ့
တစ်ချို့က လမ်းမီးတိုင်အောက်မှာ
စာကြည့်နေကြတယ်
တစ်ချို့က စက်ဘီးပေါ်မှာ ကြူနေကြတယ်
တစ်ချို့က ချိန်းတွေ့နေကြတယ်
ငါဟာ တိမ်တွေနဲ့ ပြေးတမ်းလိုက်တမ်းဆော့
ငါဟာ သစ်ရွက်များပေးတဲ့ မနက်ဖြန်ကို
အိပ်ကပ်ထဲ ထိုးသိပ်ပေါ့
ငါဟာ ကျိုးသွားတဲ့ အနာဂတ်ကို
ကောင်းကင် ခြင်းတောင်းထဲ ၀ှက်လို့ထားတော့
ဂစ်တာမလိုဘူး
သည်ညမှာ
ကိုယ်ရယ်
သူငယ်ချင်းရယ်
ကောင်းကင်ရယ်
ရွက်ကြွေရယ်
လမ်းမီးတိုင်ရယ်
ဟန်ဆောင်ခြင်း အမှောင်ထုရယ်
အသည်းကွဲ ရင်ဘတ် တစ်ခြမ်းနဲ့
သထုံလမ်းက အက်ကွဲ သံစဉ်ရယ်...။

No comments:

Post a Comment