တိမ်ရောင်စုံ ၁၉.....
ဒီနေ့.....
တိမ်ရောင်တွေ... ခါတိုင်းထက်ပိုတောက်လို့.....
နရီမမှန် အိပ်မက်တွေထဲ...တောင်ပံတစ်စုံ...တပ်ဆင်ထား
အဲဒီ.....လွပ်လပ်ရေးကျောက်တိုင်ကို...
ငါ့တို့ နှလုံး သွေးနဲ့ ထုဆစ်မယ်....။
ဒီနေ့.....
ချယ်ရီရောင် ၀ိုင်အိုတွေ...
ပက်ဖျန်းခဲ့တဲံ လက်တွေကို အမြဲသတိရလို့
ငါ့ရဲ့ လက်တစ်စုံ... လွမ်းသူ့ ပန်းခွေမဲံ့နေခဲ့....
သို့သော်...သေနတ်သံတွေကြားတဲ့ အတိတ်ပန်းချီထဲ..
ငါတို့ အဘိုးတွေ ပျော်ပျော်ကြီး ကျရှုံးတယ်...
ဒီနေ့.....
နှစ်ကိုစားတဲ့ ငါတို့သမိုင်း....
ပခုံးထက်မှာ လွယ်....ရင်ဘတ်ရဲံ့ အနက်ဆုံး ချောက်ထဲကနေ..
အော်မယ်...
ရိုးတွင်းခြင်ဆီထိပေါ့....
ဒီနေ့......
မြင့်မြတ်ခြင်း အသင်္ချေ....
လွတ်မြောက်ရင်း...အင်း ထပ်ဆုတောင်းစို့....
မလွတ်မြောက်ခြင်း....ပုထုဇဉ်အားလုံး...
လွတ်မြောက်ကြပါစေ.......
လင်းစက်နွယ်
ကဗျာအမည်- တိမ်ရောင်စုံ ၁၉....
1 comment:
  1. စာပြန်ပေးတဲ့အတွက် ကျေးဇူးပါဆရာမ...
    စာဖတ်ပရိသတ် အကြိုက်ဆုံး ရွှေအသစ်ဆုရတဲ့အတွက် ဂုဏ်ယူမိသလို
    teen magazine Jan လထုတ် ၀တ္ထုတို ကဏ္ဍမှာ အတူတူဆုံခွင့်ရလို့ လည်း
    ကဗျာလေးလည်း လာရောက်ဖတ်မှတ်သွားပါတယ်ခင်ဗျာ..
    ထော်ဦး
    ReplyDelete