ဒါကို အချစ်လို့ ခေါ်ကြတယ်


လက်ထပ် ထိမ်းမြား ပေါင်းသင်း
ဒါကို အချစ်လို့ ခေါ်ကြတယ်
ကြိုးပြတ်တဲ့ အိမ်မက် ဝေဒနာ
ဒါကို အချစ်လို့ ခေါ်ကြတယ်
ခွံ့ကျွေးခဲ့တဲ့ သစ်သီးများ
ဒါကို အချစ်လို့ ခေါ်ကြတယ်
ဂစ်တာတစ်လုံး ပခုံးထက်ထမ်းပိုး
အဲဒါ အချစ်လို့ ဆိုကြတယ်
အမှတ်တရတွေ အများကြီး ချန်ခဲ့
ခြေရာတွေကို အချစ်လို့ ပြောကြတယ်
အမှောင်ကို အားပြုလို့
ကကြိုးကကြောင် သံစဉ်များနဲ့
နှုတ်ခမ်းတစ်ပွင့်ကို သည်းကြီးမည်းကြီးလိုက်ကောက်
မိုးသည်းနေတဲ့ ထုံးဆေးမဲ့ ရင်ဘတ်တစ်စုံဟာ
မရေရာခြင်းကို မျှားတတ်တယ်
ပန်းကြွေတစ်ပွင့် ကိုယ့် အသည်းကို
ကယ်တင် ဆယ်ယူ
ထို့နောက်
မသိမသာ ပစ်ချထားခဲ့ပါ
ကိုယ်ဟာ မျက်စိမမြင်သော သိုးတစ်ကောင်
အသည်းက ပြောတဲ့သည်စကား
ဒါလောက် အထိနာနေတာတောင်
ဒါကို အချစ်လို့ ခေါ်ကြတယ်...။                             ။

1 comment:

  1. ဆရာမပြောတဲ့ အချစ်အကြောင်းလေး မှတ်သားသွားတယ်နော်..တကယ်တော့ အချစ်အကြောင်းဆိုတာ ဘယ်တော့မှမရိုးနိုင်တဲ့ ပုံပြင်တစ်ပုဒ်နဲ့ တူသလို အဓိပ္ပါယ်ဖွင့်လို့လဲ မကုန်နိုင်ပါဘူး...
    အာပေးသွားတယ်ဆရာမရေ..
    ခင်တဲ့ ..မိုးနတ်

    ReplyDelete