၁။
တောင်ဇလပ် ပန်းတွေ မင်းမူနေသည့် ဒေသ တစ်ခုဆီမှာ ပုစွန်ဆီရောင် ကောင်းကင် တစ်ခု ခြယ်သ ထားခဲ့သည်။

တိမ်သားထုတွေသည် မြင့်ရာမှ နိမ့်ရာ၊ ထို့နောက် နိမ့်ရာမှ မြင့်ရာ စုန်ချည် ဆန်ချည် ကူးခတ် နေခဲ့သည်။ ကျွန်မသည် ရခိုင်ရိုးမ တောင်တန်းနှင့် ချင်းတောင်တန်း၏ ဆုံမှတ် တစ်ခုအား သည်းကြီးမည်းကြီး ရှာဖွေနေ ခဲ့သည်။
၂။
“မေမေ၊ သမီး ချင်းပြည်နယ်မှာ ပို့စတင်ကျတယ်”
ထိုစဉ်က ကျွန်မနောက်ကွယ်၌ မေမေ အကြိမ်များစွာ ငိုနေခဲ့ပါသည်။ အက်ကွဲတုန်ယင်စွာ ဖွင့်ဟခဲ့သော
ကျွန်မ နှုတ်သားများတွင် မေမေ့ မျက်ရည်စများ စွန်းထင်း သွားခဲ့သည်။
“အေးပေါ့ သမီးရယ်၊ တာဝန်ပဲပေါ့၊ ကိုယ်က ၀န်ထမ်း မဟုတ်လားကွယ်”
မေမေက ကျွန်မအား ဖျောင်းဖျလိုဟန်ဖြင့် သူမ ကိုယ်တိုင် အားတင်း၍ ယုံကြည်ကြည့်နေပုံရသည်။ ကျွဲကော်ကိုင်း မျက်မှန်နှင့် အတူ နဖူးနှင့် နားသယ်၌ ဆံဖြူစများ တွဲခိုနေပြီ ဖြစ်သော ဖေဖေ၏ ကြိတ်ထားသော အံ၏ကြံ့ခိုင်မှုကို ကျွန်မ မှန်းဆကြည့်နိုင်ပါသည်။
ကျွန်မ ကိုယ်၌က ဆို့နင့်နေသောကြောင့် မည်သည့်စကားမှ ထွက်အန်ကျမလာခဲ့ပါ။
“မမ ဘယ်တော့မှ ပြန်လာမှာလဲဟင်”
ညီမလေး၏ စကားကြောင့် ကျွန်မ တိတ်ဆိတ်စွာ အက်ကွဲသွားခဲ့သည်။ ဘယ်တော့မှ ပြန်လာရမလဲဟု
မေးခွန်း ထုတ်နေရင်းကပဲ ကျွန်မကြောင့်ကြနေမိသော နေ့တစ်ရက်ဆီ ရောက်ရှိလို့လာခဲ့ ပြီ။ ထိုနေ့က အိမ်နောက်ဖေး ဂိုဒေါင်ဟောင်းဆီမှ တစ်ခုတည်းသော ထင်းရှူး သေတ္တာကြီးထဲတွင် ကျွန်မ တစ်ကိုယ်စာ လိုအပ်မည် ထင်ရသော ပစ္စည်းများနှင့် အတူ ကျွန်မ မျက်ရည်များကိုပါ သိမ်းကျုံး ထည့်ပစ်ခဲ့သည်။
“ရော့ ဒါက ငါ့သမီး စားဖို့၊ ငါးပိကြော်၊ ဒါက ငါး ကျည်းခြောက်ကြော်၊ ဟော ဒါက ကြက်သားမွမွကြော်၊ ဟိုမှာ တောထဲရောက်ရင် ငါ့ သမီးငတ်မှာ။ ရိက္ခာကုန်ရင် လှမ်းဆက်သွယ်နော် သမီး၊ အမေ ထပ်ကြော်ပေးလိုက်မယ်”
ဘုရားရေ ဘယ်အချိန် ကတည်းကများ မေမေ ကျွန်မအတွက် ပြင်ဆင်ပေး နေခဲ့သလဲ။ မီးသွေး မီးဖိုတစ်လုံးနှင့် ချောင်ကျကျ မီးဖိုခန်း တစ်ခုဆီမှာ ကျွန်မဖို့ ချက်ပြုတ် ပေးနေခဲ့သော မေမေ၏ မေတ္တာတွေ ရောထွေးနေမည့် ဟင်းများအား ကျွန်မ ဘယ်လို အင်အားနှင့်များ စားသုံးရ မလဲလေ။ မေမေပေးသော ပုလင်းများအား သေတ္တာထဲ ထည့်နေရင်း မေမေ့ကျောပြင်တွေ ရှိုက်ငို လှုပ်ခတ်နေမည် ကို မှန်းဆကြည့်မိသည်။ ထို ညက ကျွန်မ မျက်ရည်တွေ မေမေကိုယ်တိုင် ချုပ်လုပ်ထား ပေးသော ခေါင်းအုံးစွပ် ကလေးပေါ် နောက်ဆုံး အနေနဲ့ စွန်းထင်း သွားခဲ့ပါသည်။
အဝေးပြေးဂိတ်ဆီ တရွေ့ရွေ့ပြေးလွှားနေသော ကားဘီးများကို ပထမဆုံး အကြိမ်အဖြစ် ကျွန်မ စိတ်နာ သွားပါသည်။ တက္ကစီကား ပေါ်တွင် ငြိမ်သက်စွာ စီးနင်း လိုက်ပါနေသည့် မိသားစု အတွက် တက္ကစီ ကားသမား ၏ ချောင်းဟန့်သံသည် တမင်သက်သက် မေ့ထားသော ပစ္စုပ္ပန်ကို အကြိမ်ကြိမ်သတိ ရစေသည်။ ကားဂိတ်သို့ ထွက်မလာမီ ဦးချ ရှိခိုးစဉ်က မေမေ့ ဆုတောင်းကို ကျွန်မ ပြန်ကြားယောင်နေမိပြန်သည်။
မကြာမီမှာ လှပသော ကားကြီးပေါ်သို့ ကျွန်မ တက်သွားရတော့မည်။ မကြာမီမှာ ကားကြီး၏ သေသပ်သောဘီးကြီးများက တောင်ဇလပ်ပန်းတို့ အိပ်စက်ရာ ဒေသသို့ ကျွန်မကို အလည်ခေါ်မည်။ မကြာမီမှာ မကြာမီမှာ...။
“နေဦး သမီး ရော့၊ ဒါ လေးခြုံသွား၊ ကားက ညကျရင် အရမ်းအေးမှာ။ ဟိုမှာလည်း သက်သာမှာ မဟုတ် ဘူး ရော့ သမီး”
လှပသော ပန်းရောင် ဂွမ်းကပ်စောင်လေးကို ကျွန်မ နှမြောတသစွာ ကြည့်မိသည်။ မှတ်မှတ်ရရ လွန်ခဲ့ သော ငါးနှစ်လောက်က ကျွန်မ၏ ဂိုက်ဒ်ပြငွေဖြင့် ရရှိသော လစာဖြင့် ဖေဖေ့ကို ၀ယ်ပေးထားခဲ့သည့် ဂွမ်း ကပ်စောင်လေးကို ဖေဖေက မသုံးရက်စွာ ဗီရိုထဲ သိမ်းဆည်းထားခဲ့သည်။ ဖေဖေ ကမ်းပေးလိုက်သော ဂွမ်းကပ် စောင်လေးကို ကျွန်မ မယူ ဘူးဟု ငြင်းတော့ စိတ်တင်း ထားသော ယောက်ျားကြီး တစ်ဦး၏ အက်ကွဲတုန်လှုပ် သံကို ပထမဆုံးအကြိမ် ကြား ခဲ့ရသည်။
“ဖေဖေရယ်၊ ဖေဖေ့ အတွက် သမီး ကန်တော့ခဲ့တဲ့ အမှတ်တရ တစ်ခုမို့ သမီး ပြန် မယူပါရစေနဲ့နော်။ သမီးမှာ အနွေးထည်တွေ ပါပါတယ်။ ရန်ကုန်မှာ မိုးတွေရွာရင် သမီးပေးတဲ့ စောင်နဲ့ထွေးပြီး ချင်းပြည်နယ်မှာ ငါ့သမီး ဘာတွေ ဖြစ်နေမလဲလို့ စိတ်ကူးကြည့်လို့ရတာပေါ့ ဖေဖေ ရယ်”
ကျွန်မသည် မျက်ရည် များအား အတတ်နိုင်ဆုံး ချုပ်တည်းရင်းက ဆို့နင့်လာခဲ့ သည်။
“ဟော ကားထွက်တော့မယ်။ ဟိုရောက်ရင် သမီး ဆက်သွယ်ပါ့မယ်။ ဘေး အိမ်က မမိုးကြီးရဲ့ဖုန်းကိုပဲ ဆက်လိုက်မယ်နော်”
“မမ”
ကျွန်မခြေလှမ်းတွေ တုံ့ ဆိုင်းရပ်သွားစေသည့် နောက် ထပ်တိုးညင်းစွာ ရက်စက် သည့်အသံတစ်ခု။ ခရမ်း ရောင်ကျောပိုးအိတ်ကလေးနှင့် တက္ကသိုလ် နောက်ဆုံးနှစ် ရောက်နေပြီဖြစ်သော ညီမလေးကို ကျွန်မ ခပ်ယဲ့ယဲ့လေး ပြုံးပြ ဖြစ်ခဲ့သည်။
“ညီမလေးကို တောင် ဇလပ်ပန်းတွေမြင်တိုင်း သတိရနော် မမ။ ဟိုရောက်ရင် ရည်းစားမထားနဲ့နော်။ ညီမလေး လှမ်းအင်စပက် မှာ၊ သိလား”
“ဟာ သည်ကောင် မလေးတော့၊ ကိုယ့်အစ်မ သွားခါနီး လာခါနီး”
ဇွတ်နှစ် မာကျောထားသော မေမေ့ အသံတွေက လက်ရှိမှာ ဟောက်သံအဖြစ် ထွက်မလာခဲ့ဘဲ ကြေကွဲသံ အဖြစ် အသွင်ပြောင်းသွားခဲ့ သည်။
“အေး ချင်းပြည်နယ်က မိန်းမတွေက ယောက်ျားတွေကို ကုန်းပိုးရတယ်လို့ ကြား ဖူးတာပဲ။ ငါ ရည်းစားတော့ မထားဘူး၊ ကိုရီးယားကားလို ကုန်းပဲပိုးမယ်။ မကောင်း ဘူးလား ညီမလေး”
ကျွန်မ၏ ဟာသ အတွက် ညီမလေး အတတ် နိုင်ဆုံး လှစ်ဟပြလိုက်သည့် အပြုံးမှာ ယိုင်နဲ့သွားလေ သည်။
“ကားထွက်တော့မယ် အစ်မ”
ကားစပယ်ယာ၏ သတိပေးလိုက်သံကြောင့် ကျွန်မရင်တွေ ရုတ်ခြည်း ဆောင့်ခါသွားသည်။ ထို အသံက ကျွန်မတို့ကို ရှင်ကွဲခွဲ ပစ်မည့် ကတ်ကြေးတစ် လက်ဖြစ်သည်။ လှိမ့်ကာ လှိမ့်ကာဖြင့် ဂိတ်မှခွာစပြုနေ သော ကားကြီးပေါ်မှ ကျွန်မ၊ ခန်းဆီးလှစ်၍ ကြည့်မိလိုက် စဉ် အိမ်မပြန်သေးဘဲ အား နည်းစွာ ရပ်နေခဲ့သော လူသုံး ဦး၏ပုံရိပ်ကြောင့် ကျွန်မမျက် ရည်တွေ စွန်းထင်း သွားခဲ့သည်။
“မျက်ရည်ဆိုတာကို ငါ့ ရှေ့ ဘယ်တော့မှ လာမကျ ပြနဲ့။ မျက်ရည်မှာ ဘာတစ်ခု မှ မပျော်ဝင်ဘူး။ ဆိုဒီယမ် ကလိုရိုက်ဒ်ကလွဲလို့ပေါ့ကွာ”
စိတ်ဓာတ်မာလွန်း သော ခွဲစိတ်ဆရာဝန်ကြီးတစ် ဦး၏ စကားကြောင့် ကျွန်မ မျက်ရည်တွေ အလိုလိုခန်း ခြောက်သွားခဲ့လေသည်။ နောက်ပြီး မျက်ရည်ထဲမှာ ပျော်ဝင်နေမည့်ဝေဒနာများအား မေ့လျော့နိုင်ဖို့ အင်အားကို ရရှိ ခဲ့သောကြောင့် ဆရာကြီးအား ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်မိပါသည်။
တစ်ခါတစ်ရံတွင် တော့ ဆိုဒီယမ်ကလိုရိုက်ဒ် တစ်မျိုးတည်းသာ ပါဝင် သော မျက်ရည်မျိုးကို ကျွန်မ အလို ရှိတတ်သွားပါသည်။
၃။
အသက်ရှူကျပ်စရာ ကောင်းသော၊ ကျော်ခွတွန်း ထိုးနေရသော ရန်ကုန်မြို့ကြီး ကို ပထမဆုံး မေ့လျော့သွား စေသည့်အရာမှာ အညိုရင့် ရောင်တောင်တန်းများဖြစ် သည်။ တိမ်သားထုတချို့က တောင်ထိပ်ကို ဖုံးကွယ် ထား ခဲ့ကြသည်။ မြင့်မားမတ် စောက်သော တောင်တန်း များ၏တစ်နေရာတွင် ကျွန်မ အတွက် ယာယီ အိမ်ကလေး တစ်ခုရှိနေသည်။
“တိုက်နယ်ဆေးရုံ” ဟု အမည်တွင်သော အရာသည် သာလာယံ ဇရပ်တစ်ခုမျှသာ ခံ့ညားသည်။ ထဘီအပြာ ၀တ် သူနာပြုနှစ်ဦးသည် လည်းကောင်း၊ အလုပ် သမား နှစ်ဦးသည်လည်းကောင်း၊ ဒယီးဒယိုင် လျှောက်လှမ်းလာသော ကျွန်မ ဖြစ်အင်ကို ရယ်ဖို့ မကြိုးစားခဲ့ပါ။ နောက်ဆုံး ကျွန်မဘာသာ ကျွန်မ ဟက်ခနဲ ရယ်လိုက်မိသည်။
“ကြိုအကြောင်းကြား ရောပေါ့ ဒေါက်တာရယ်။ ခု ဒေါက်တာ့ကို အားနာလိုက်တာ၊ နေဦး ကျွန်မတို့ အခန်း ရှင်းကြမယ်”
အသံဝဲသော ထဘီ အပြာဝတ်အမျိုးသမီးက အခန်း တံခါးကို ဆွဲဖွင့်လိုက် သည့် တစ်ခဏ ရင်ဘတ် စည်တီး ငိုချင်မိသွားသည်။ မဆိုင်းမတွပင် ကျွန်မတို့ အားလုံး ရှင်းလင်းသုတ်သင် ရေးလုပ်ငန်း စတင်ရတော့ သည်။ ပွင့်ရိုက် ထဘီအမည်း ရောင်ကို ဒူးအောက်ခပ်တိုတို ပြင်ဝတ်ရင်းက အမေ့အိမ် သီချင်းကို အလိုလို ညည်း ဖြစ်ခဲ့သည်။ ဖုန်မှုန့်တွေ၊ ပင့် ကူအိမ်တွေ အငွေ့ရိုက်နေ သော ဆယ်ပေပတ်လည် အခန်းကျဉ်း တစ်ခုထဲတွင် လူမသိ သူမသိ မျက်ရည်ကျခဲ့ ရသည်။
ခဏနေတော့ မယုံ ကြည်နိုင်လောက်အောင်ပင် ကျွန်မ နေသားကျသွားခဲ့ပြီ။ သူနာပြုနှစ်ဦးနှင့် အလုပ် သမားလင်မယားအား ကျွန်မ ကိုယ် ကျွန်မပြုံးရယ်စွာ မိတ် ဆက်ပေးနိုင်ခဲ့ပါသည်။
“ကျွန်မက ဒေါက်တာ လင်းစက်နွယ်ပါ။ သည်နေ့က စပြီး ကျွန်မတို့ငါးယောက်က Team တစ်ခုဖြစ်သွားခဲ့ပါပြီ”
ကျွန်မ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ ဆေးရုံ ၏ အဆင်တန်ဆာမှာ လူနာ မဟုတ်ဘူး။
“မနော်၊ ကျွန်မကို လူနာ ဆောင်ဆီ လိုက်ပြပါလား။ ကျွန်မ မလာမီ အရင်ဆရာဝန် ပြောင်းရွှေ့တော့ လတ် တလော ဆရာဝန်မရှိတဲ့ ကာလမှာ တက်သွားတဲ့ လူနာများရှိသလား”
ကျွန်မအမေးအတွက် ခြောက်ကပ်ကပ်နိုင်လှသော အခန်းတစ်ခုက ပြက်ရယ်ပြု သွားပါသည်။ မွေ့ရာတစ်ခု တလေမရှိသော၊ အဖြူရောင် သံတိုင်ခုတင်များပေါ်မှာ ကျွန်မ မျှော်လင့်နေသည့် လူနာတစ်ဦးတလေမရှိ။ ဘုရားရေ။ ကျွန်မက လူနာ ဆယ့်ခြောက်ယောက်ကို ပိုင် သည့် ဆရာဝန်မဟုတ်ဘဲ ခုတင်ဆယ့်ခြောက်လုံးကိုသာ ပိုင်သည့် ခပ်ညံ့ညံ့ဆရာဝန် များလား။ ကျွန်မ၏ အတွေး ကို မနော်၏ ယိုင်နဲ့နဲ့ အပြုံးက အတည်ပြုပေးလိုက်သည်။
“ကျွန်မတော့ သည် ခုတင်အိုကြီးတွေကိုပဲ ကုရတော့မယ် ထင်ပါရဲ့။ အရင် ဆရာဝန်တုန်းကရော လူနာ ရှိလား”
“မွေးလူနာတော့ များတယ် ဒေါက်တာ။ အရင်က တော့ ပြင်ပ လူနာတွေလည်း များတယ်။ တစ်ခါတလေတော့ တိုက်တိုက်ဆိုင်ဆိုင် ခုလို တစ်ယောက်မှ ရှိမနေ တတ်ဘူး”
ကျွန်မ ရယ်မောပစ် လိုက်တော့ သူတို့အားလုံး လိုက်ရယ်ကြသည်။ နောက် ဆုံးတော့ ရယ်စရာမကောင်း သည့် ဘ၀တွေကို ကျွန်မတို့ အားလုံး ခပ်ထေ့ထေ့ ရယ်မောပစ်နိုင်ခဲ့ပါသည်။
“အဲတော့ ဘာလုပ်ကြ လဲ။ လူနာ မရှိတဲ့ ဆေးရုံမှာ”
“မီးသွေးမီးဖိုနဲ့ ကျွန်မ တို့တွေ ရေနွေး တည်ကြတော့ တာပဲ။ နောက် ဆေးရုံရှေ့က သစ်ပင်အောက်မှာ ကွပ်ပျစ်ရှိ တယ်။ အဲဒီမှာ ကော်ဖီတစ် ခွက်စီနဲ့ ဆွေးနွေးပွဲစတော့ တာပဲ”
“ဟုတ်လား၊ ဘာတွေ ဆွေးနွေးကြပါလိမ့်”
“ရယ်ရတယ် ဒေါက်တာရဲ့။ တစ်ခါတစ်ရံ မြို့ပြကို လွမ်းချင်လွမ်းနေတယ်။ တစ်ခါတစ်ရံ အမေ့ အိမ်ကို တမ်းတ၊ တစ်ခါ တစ်ရံ ကိုယ့်ဘ၀ကိုယ် စိတ်နာ၊ ကြာလာတော့လည်း ရိုးအီသွားတဲ့ ဇာတ်တွေကို ဆွေးနွေးပွဲအဖြစ် အသွင် ပြောင်းလိုက်ရတာပဲ”
ရယ်ရတယ်ဟု ပြော သော မနော်၏စကားများ အတွက် ကျွန်မနှုတ်ခမ်းတွေ တွန့်ရုံသာပြုံးနိုင်ခဲ့သည်။
“အိပ်မရတဲ့ညများစွာ ထဲxxx အိုxxx ရထားဥသြ သံလေးများကြားရန်xxx အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူးxxx”
ရထားဥသြသံကို မကြားရပေမဲ့ အဖြူရောင် ခုတင်အိုကြီးတွေကို မြင်နေ ရသောအခါ ထူးအိမ်သင်၏ အမေ့အိမ် သီချင်းက ကျွန်မ မျက်ရည်တွေကို ထပ်မံကြွေ ဆင်းစေခဲ့ပါသည်။
၎။
နောက်ဆုံးနှစ်အပိုင်း (က) ကျောင်းသူဘ၀ဆီက ပထမဆုံးသော သားဖွား မီးယပ်အတွေ့အကြုံများကို ကျွန်မအောက်မေ့မိသွားသည်။ ထိုစဉ်က ဆယ်ကျော်သက် တစ်နှစ်စွန်းခါစ ကျွန်မတွင် ကိုယ်ချင်းစာတရားဖြင့် နာကျင်စွာမြည်တမ်းနေသော မိခင်များအတွက် အားပေး ဖြစ်ခဲ့သည်။
ယခုအချိန်မှာတော့ မျှဝေချိန်ထိုးကြည့်တတ်ခဲ့ခြင်း က ပျော်ဝင်နေရာယူတတ်ခဲ့ ပြီ။ အချိန်တွေကပဲ ရင့်ကျက် ခြင်းကို မွေးဖွားစေသလား၊ ဝေဒနာကပဲ ရင့်ကျက်ခြင်းဆီ တွန်းပို့ဖြစ်ခဲ့သလား။ သေချာ သည်က အသည်းငယ်သော အမေ့သမီး တောင်ဇလပ်ပန်း တွေ တန်ဆာဆင်ထားသည့် တောင်ပေါ်ဒေသတစ်ခုမှာ ရင့်ကျက်စပြုပြီ။
ကျောင်းသူ ဘ၀က စိတ် ပင်ပန်းမှုမဲ့စွာ လေ့လာခဲ့သော ခွဲစိတ်မှုများသည် ပစ္စုပ္ပန် အတွက် ကုန်ကြမ်းတစ်ပုဒ် ဖြစ်သွားသည်။ အရောင်မှိန် သော ညတချို့မှာ မောလီ ကြယ်တံခွန်ထက် လင်းလက် နေမည့် မေမေ့မျက်လုံးများကို ကျွန်မ တမ်းတမိမြဲဖြစ်သည်။ တစ်ခါတစ်ရံ အရေးပေါ် မဟုတ်သော ခွဲစိတ်ခြင်းမျိုး အတွက် တက်ညီလက်ညီ ပိုး သတ်နေကြသော ခွဲခန်းထဲမှ လူသားငါးယောက်၏ ဖြစ် အင်အတွက် ဟားတိုက်နေ မည့် ယောက်ျားတစ်ဦးအား သတိရမိသွားပါသည်။ သာမည ခွဲစိတ်ခြင်းမျိုး အတွက် သစ်သားခုံပေါ်မှာ ပင်ဖြစ်သလို ခွဲစိတ်ခဲ့ရသည့် ဖြစ်အင်အတွက် သူအကြီး အကျယ် ဟားမှာပဲဖြစ်သည်။
အထီးကျန်သော ရပ် ၀န်းဒေသတစ်ခုဆီမှာ တမင် တကာ သတိမေ့ထားခဲ့သော အတိတ်တွေသည် ရံဖန်ရံခါ လည်း အလိုအလျောက် ထွက်ကျလာတတ်ခဲ့သည်။ ထိုအခါ သက်တမ်းကုန်၍ မှို တက်စပြုနေသော အသည်း ဆီမှ ဆစ်ခနဲ နာကျင်မှုကို ကျွန်မ အသိအမှတ်ပြုလိုက်ရ သည်။ ‘ Government Servant’ ကို အစိုးရ၀န်ထမ်း ဟု သွယ်ဝိုက်မပြန်ဆိုခဲ့ဘဲ အစိုးရအိမ်စေတွေဟု အနည်းငယ် ခနိုးခနဲ့ နိုင်စွာသော အပြုံးမျိုးဖြင့် ဟားတိုက်ဖူး သော ကျွန်မ၏ချစ်သူကို ယောင်မှားစွာ သတိရဖြစ်ခဲ့ သည်လည်း ရှိ၏။
သူ့ကြောင့် ကျွန်မ အကြိမ်များစွာပင် ကျွန်မ မြတ်နိုးသော ဆရာဝန်ဘ၀နှင့်ပဲ နေထိုင်ရမလား၊ သို့ မဟုတ်ြွဥ အဖွဲ့အစည်း တစ်ခုခုမှာ ကျွန်မနှင့် ကိုက် ညီမည့် ပရောဂျက်တစ်ခုကိုပဲ လျှောက်လိုက်ရမလားဟူ၍ လွန်ဆွဲခဲ့ရဖူးသည်။ ကျွန်မ အတွေးတွေ လွန်စွာ ဘေး ချော်ခဲ့သည်။
“ကိုယ်နဲ့ သြစတြေးလျ ကို လိုက်ခဲ့နော်။ ကိုယ်တို့ နှစ်ယောက်လုံး ကြိုးစားတာပေါ့။ ပြီးတော့ သည်မှာနေလို့ လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး”
ထိုသို့ တောင်းဆိုတိုင်း ကျွန်မမှာ အနည်းငယ်စဉ်း စားမနေဘဲ ခေါင်းကိုသာ တွင်တွင်ခါယမ်းမိသည်။ ကျွန်မ နှလုံးသားနှင့် တစ်စိတ် တစ်ဒေသ ချည်နှောင်ခဲ့ပြီး ဖြစ်သော ဆရာဝန်ဘ၀အား နှမြောတသနေရမည်ကို ကျွန်မ မလိုလားပါ။
“နွယ်ရယ်၊ ဆရာဝန် အလုပ်တစ်ခုတည်းမှ အလုပ် မဟုတ်ပါဘူး။ အခြားစီးပွား ရေးတစ်ခုခုကို ကြိုးစားကြည့် လို့လည်း ရနိုင်တာပဲ”
ဘာကွာသလဲဟု မေးလာသည့် အခါ ကျွန်မ အနည်းငယ် အူကြောင် ကြောင်နိုင်စွာ ဖြေမိပါသည်။
“ကျွန်မ ဆေးထိုးအပ်နဲ့ နားကျပ် ကိုင်ရတာကို မြတ်နိုး တယ် မောင်။ ကျွန်မရဲ့ လူနာ တွေကို ကျောခိုင်းလို့ရမှာ မဟုတ်ဘူး”
ထိုအခါမျိုးတွင် ကျွန်မ အား သူကျောခိုင်းထားလေ့ရှိ သည်။ ထို့အတွက် သူ့ မျက်နှာကို ကျွန်မ မဖတ်ရှုနိုင် ခဲ့ပါ။ တိုင်းပြည်နှင့်လူမျိုးနှင့် ချီပြီး မာန်တက်ပြနေမည် မဟုတ်သော်လည်း တစ်ခါ ခါတော့ မီးရောင်တွေ ထိန် လင်းနေသည့် နေရာတစ်ခုမှာ သာ နေသားကျချင်ခဲ့ပါသည်။
များမကြာမီမှာပင် ကျွန်မအတွက် အခမ်းနားဆုံး ကြေကွဲမှုကို ကျွန်မ ပိုင်ဆိုင် လိုက်ရပါသည်။
၅။
ကျွန်မ အသည်းနှလုံး ဆီမှ “ချစ်သူ” ဟူသော လူပို ထွက်သွားပြီးနောက် ရှိရင်းစွဲ မိသားစုထဲမှ ကျွန်မကိုယ် တိုင် ပထမဆုံး ခွဲထွက်ခဲ့ရ သည်။ မကုန်ခန်းသော နေ့ ရက်များတွင် ကုန်ခန်းစပြုနေ သော ငါးပိကြော်ပုလင်းလေး က ကျွန်မကို ဟားတိုက်နေ ပါသည်။
“ရိက်္ခာကုန်ရင် လှမ်း ဆက်သွယ်နော် သမီး။ အမေ ထပ်ကြော်ပေးလိုက်မယ်”
အမေ့စကားတွေက ကျွန်မ၏ ညများစွာပင် မင်း မူခဲ့မြဲဖြစ်သည်။ ယပ်တဖျတ် ဖျတ် ခတ်ကာ အညှော်အတူး ခံရင်း ချွေးတလုံးလုံးဖြင့် တကုပ်ကုပ်ကြော်လှော်ပေး နေမည်ဖြစ်သော မိခင်အိုကြီး အတွက် ကျွန်မ ချင်းပြည် နယ်အမှတ်တရပစ်္စည်းများကို သာ လူကြုံနှင့် ထည့်ပေး လိုက်နိုင်ခဲ့ပါသည်။
ပြက်္ခဒိန်များစွာကို ရွတ် ဆုတ်ခဲ့ပြီးနောက် မိမိဝေဒနာ တွေကိုပင် လက်ချိုးရေဖို့ မေ့ လျော့သွားသော ကျွန်မ၊ တစ် နေ့တုန်းဆီက ရိဒ်ရေကန်ကြီး ရှိရာသို့ အလည်ရောက်သွား ခဲ့သည်။ ထိုနေ့က အိမ်ကို ကျွန်မ စတုတ်္ထအကြိမ်မြောက် ဆက်သွယ်ဖြစ်ခဲ့သည်။
“ရိဒ်ရေကန်ကြီးက လှ လားမမ။ တကယ်ပဲ အသည်းနှလုံးနဲ့ တူလို့လား”
“တူတာပေါ့ ညီမလေး ရဲ့”
ရိဒ်ရေကန်ကြီး၏ အသည်းနှလုံးသည် ကျွန်မ အသည်းနှလုံးထက် ပိုကြီး သော်လည်း ကျွန်မ နှလုံး သား လောက် ဝေဒနာတွေ များမှာ မဟုတ်ပါဘူးဟု နှိုင်း ယှဉ်မိသွားကြောင်း ညီမ လေးကို မပြောပြဖြစ်ပါ။
“ဖေဖေနဲ့ မေမေရော နေ ကောင်းလား ညီမလေး”
“ကောင်းပါတယ် မမ။ ဒါနဲ့ ညီမလေး ဂိုက်ဒ် လုပ် တော့မလို့”
“ဘာရယ်၊ ပင်ပန်းပါတယ် ငါ့ညီမရယ်။ နောက်ဆုံးနှစ် ရောက်နေပြီပဲ။ စာသာ ကြိုးစား။ ဘာလဲ၊ ငွေလိုလို့ လား”
“မဟုတ်ပါဘူး”
တိုးညင်းသွားသော အသံ တစ်ခုတွင် မုသားတွေ စွက်နေသည်မှာ အသေအချာ ပင်ဖြစ်သည်။
“အစ်မ ပို့ပေးနေတာပဲ။ ညီမလေး ပြော၊ ဘာဖြစ်လို့လဲ။ ဘာလဲ၊ အရေးတကြီး ငွေလိုနေလို့လား”
ချော့မော့၍ မနည်းအစ် အောက်မေးလိုက်သောအခါ ရရှိလာသော အဖြေတစ်ခု အတွက် ကျွန်မ စိတ်ပင်ပန်း ခဲ့ရသည်။
“ကိုကြီး တစ်နေ့က အိမ်ကိုလာပြီး အမေ့ဆီက လက်ဖြန့် တောင်းသွားခဲ့တယ်။ အခု အမေ့ဆီမှာ မမ ဆင်ထားတဲ့ ပုလဲ နားကပ်ကလေးတောင် မရှိတော့ဘူး”
“ထွန်းအောင် ထွန်းအောင်၊ သည်ကောင်တော့ ဒါတောင် အမွေပြတ် ကြေညာထားတာ”
“မဟုတ်ဘူး မမ။ ကိုကြီးက အရင်လို မဟုတ်တော့ဘူး။ ပြီးတော့ မမမုန်းတဲ့ လောင်းကစားလည်း မလုပ်တော့ဘူး”
ကျွန်မ မုန်းသည့် လောင်းကစားတဲ့လေ။ ကျွန်မ ရင်တွေ ဆစ်ခနဲကျင် တက်သွားသည်။ လွန်ခဲ့သော နှစ်များစွာက ကျွန်မနှင့် အတူ ရှိခဲ့ဖူးသော မောင်လေး။ လွန်ခဲ့သော နှစ်တွေဆီက ဆိုး သွမ်းမိုက်မဲဖူးသော မောင် လေးက ကျွန်မအား ထာဝရ နာကြည်းသွားစေခဲ့သော ဖြစ်ရပ်ကို ကျွန်မ အမှတ်ရသွား ခဲ့သည်။
ထိုညက ထွန်းအောင် မိန်းမခိုးမပြေးခဲ့လျှင်၊ ထိုည က ထွန်းအောင် အိမ်မလာဖြစ် ခဲ့လျှင်၊ ထိုညက ကျွန်မ လက်ဖ၀ါးတွေ ပါးရိုက်ဖို့ အသင့် အနေထား ရှိမနေခဲ့လျှင်၊ ကျွန်မချစ်သော မောင်လေး က ကျွန်မကို နာကြည်း သွား ပါ့မလား။ ထွန်းအောင်အား အမွေပြတ်စွန့်လွှတ်ပြီးသည့် နောက် တရှောင်ရှောင်ဖြစ်လာ သော ဖခင်က မုသာဝါဒကို ထည်လဲသုံးပြကာ လွမ်း ဆွတ်မှုကို အကြိမ်ကြိမ်ဖုံး ကွယ်ပြတတ်ခဲ့သည်။
“မမ၊ ညီမလေး ပြော တာကြားလား၊ ဟဲလို”
“သြော်၊ အင်းပါ ကြား တယ် ညီမလေး”
“မငိုပါနဲ့ မမရယ်၊ ကိုကြီးအမေ့ဆီက ပုလဲ နားကပ်တောင်းသွားကာ ဘာလို့လဲ သိလား”
“ဟင့်အင်း”
“ကိုကြီးမိန်းမ မနွေဦး လေ၊ သားဥပြွန်မှာ သန္ဓေ တည်ပြီး အရေးပေါ် ခွဲစိတ်ရ မယ်ဆိုလို့။ ပြီးတော့ ကိုကြီး က ဘာမပြော၊ ညာမပြော မမ အခန်းထဲဝင်သွားခဲ့တယ်။ ညီမလေးက လိုက်ချောင်း တော့ သူတစ်ခုခုယူသွားတာ တွေ့လိုက်တယ် သိလား”
ကျွန်မရင်တွေ ဆို့နင့် သွားသည်။ ကျွန်မကို မုန်း သော မောင်လေးက-
“သူ ဘာယူသွားလဲ သိ လား၊ မမ ဓာတ်ပုံကိုပေါ့။ ကိုကြီးက တစ်မျိုးပဲ။ သတိရ လို့ မဟုတ်လား မေးတော့ အင်းမလှုပ်၊ အဲမလှုပ် ခဏနေ မှဖြေတယ်။ မာန်တက်နေတဲ့ ဆရာဝန်မကြီးကို ကိုးကွယ် ထားချင်လို့တဲ့”
“ဒီကောင်”
ကျွန်မ၏ အတိတ်နေ့ ရက်များကို ဖြစ်နိုင်ပါက ခပ်သော့သော့လေး ပြန်လျှော်ပစ် ချင်သည်။ နောက်ဆုံးတော့ လည်း အစ်မကြီးပီပီ ဖြစ် ထွန်းစေချင်ခဲ့သော စေတနာ များသာ ဝေဒနာအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ဆယ်တန်း တဘုန်းဘုန်းကျသော မောင်ငယ်အတွက် ကျွန်မသည် စံပြလူသား မဖြစ်ခဲ့ဘဲ သူ့ဘ၀ကိုသာ ပိုမို သိမ်ငယ်စေဖြစ်ခဲ့ပါသလား။
ထို့နောက်တွင်တော့ ကျွန်မ၏ နှလုံးသားကို ရိဒ် ရေကန်ကြီးထဲ သွန်ချပစ်ခဲ့ သည်။ ရိဒ်ရေကန်ကြီးထဲ အသွန်ချခံ နှလုံးသားတွေ ဘယ်လောက်များနေခဲ့ပြီလဲ လေ။
၆။
“ဒေါက်တာက အသည်း ကွဲခဲ့တာပေါ့နော်”
ကျွန်မဘ၀ကို မှောင် မိုက်သည့်ညမျိုးမှာ ကွပ်ပျစ် တစ်လုံးပေါ် အားအင်ချည့်နဲ့ စွာ ချပြရလေ့ရှိသည်။ ကျွန်မ ကိုယ်တိုင် သတိမထားမိခင် မှာပဲ ကျွန်မကို တိုက်နယ် ဆေးရုံလေးနှင့် ချင်းတောင် တန်းတွေက ချည်နှောင်ခဲ့ပြီ ဖြစ်သည်။ ထိုအခါ ကျွန်မ၏ အတိတ်တစ်ခုခုကို ရင်နင့်စွာ ဖွင့်ဟရလေ့ရှိသည်။ ယိုယွင်း ယိုင်နဲ့နေသော အိမ်ကလေး အကြောင်း၊ ချစ်သူ အကြောင်း၊ တစ်ခါတစ်ရံ လည်း မိသားစုက စွန့်ပစ်ခဲ့ သော မောင်လေးအကြောင်း ထိရှစွာ ချပြရလေ့ရှိသည်။
ဘာလိုလိုနှင့် တစ်နှစ် ပင်ပြည့်ခဲ့ပြီ။ နီယွန်မီးရောင် တွေနှင့် ဝေးကွာနေသော် လည်း ကြယ်တချို့ကို အကြာကြီး ငေးမောဖူးသည်။ ကားတစ်စီး၏ အိတ်ဇောပိုက် ဆီမှ ကာဗွန်ငွေ့များ အစား လတ်ဆတ်သော တောင်တန်း တွေဆီ ဖြတ်သန်းလာသော လေများကို ရှူရှိုက်ဖူးသည်။ မိသားစုအဝေးမှာရှိနေသည့် သကာလ၊ လူငါးယောက် တည်းသာရှိသော ကျွန်မတို့ အတွက် တစ်စုံတစ်ရာသော ကြိုးက ခိုင်မြဲစွာ တုပ်နှောင်ခဲ့ သည်။ နောက်ပြီး မိသားစု သဖွယ် ရင်းနှီးပြီးဖြစ်သော လူသားငါးယောက်၏ ဆွေး နွေးပွဲလေးကို ညတိုင်းပြုလုပ် ဖြစ်ကြသည်။
“ဘာအသည်းမှ မကွဲပါ ဘူး မနော်ရဲ့၊ Stitch လုပ် ထားတာ နည်းနည်းလေးပဲ ဟသွားတာကို ကွဲတယ်ရယ် လို့တော့ မုသားမသုံးချင်ပါ ဘူးနော်”
ကျွန်မ အကြီးအကျယ် ညာနေခြင်းဖြစ်မှန်း သိကြ၍ သူတို့အားလုံး ရယ်မောနေ ကြသည်။ တစ်ခါတစ်ရံမှာ ခုတင်နှစ်လုံးစာလူနာရှိပြီး များသောအားဖြင့် ခုတင် ၁၆ လုံးကို အခွံချည်းသက်သက် ပိုင်ဆိုင်ရသော ကျွန်မဘ၀ တွင် နေသားကျတတ်ခဲ့ပြီ။ အိပ်စက်ခြင်းနှင့် နိုးထခြင်း ကြားတွင် နောင်တတစ်စုံ တစ်ရာ ကပ်ငြိပါမသွားဘူး ဟု လိပ်ပြာလုံစွာပင် ၀န်ခံနိုင် ပါသည်။
“ဒေါက်တာက အသည်းမာတယ်နော်။ ဘာပဲ ပြောပြော ကျွန်မလေ ကြာ လေကြာလေ မြို့ကြီးကို မပြန် ချင်လေဖြစ်လာပြီ”
“မနော် နော်၊ ညည်းက တွယ်တာစရာမှ မရှိဘဲ။ ကျုပ်က ကျုပ်သားလေးတွေ ပစ်ပြီး တစ်ကိုယ်တည်း ရွက် လွှင့်လာရတာနော်”
မစောလှမှ အရွှန်း ဖောက်လိုက်သည့်အတွက် ရုတ်ခြည်းပင် ကျွန်မတို့ဝိုင်း လေး စိုပြည်သွားပါသည်။
“တစ်မျိုး မထင်ပါနဲ့ အေ၊ ကျုပ်သားလေးတွေဆို တာ မိစာဥဆိုတဲ့ ကြောင်မ ကြီးက မွေးထားတာပါ။ တစ်ခါတလေတော့လည်း ငါ ဘာကြောင့် အပျိုကြီး ဖြစ်ရသလဲ စဉ်းစားမိတယ်။ နောက်တော့ ငါ ကိုယ်တိုင် အဖြေမထုတ်နိုင်ခဲ့ဘူး၊ အပျို ကြီးတွေဟာ ကြောင်တွေနဲ့ အချစ်တော် ဖြစ်သွားတာပဲ ငါ နားလည်တော့တယ်”
“ဟာ...ဒါဆို ကျွန်မလည်း ကြောင်တွေနဲ့ နေသင့်ပြီ ထင်တယ်”
တိတ်ဆိတ်သောညဥ့် ယံမှာ ကျွန်မတို့၏ တိုးလျလျ ရယ်မောသံက ခပ်အက်အက် လေး ထွက်အန်လာသည်။ ရယ်မောနေသော ကျွန်မ သည် အမှောင်ကို အကာ အကွယ်ယူ၍ မျက်ရည်ကျ တတ်သော အကျင့်ကို ပိုင် ဆိုင်တတ်လေသည်။
ရုတ်တရက်...
ဒီဇင်ဘာ ၂၀။ အမေ့ မွေးနေ့ကို ဘာလိုလိုနှင့် ရောက်တော့မှာပါလား ဟူ သော အတွေးကြောင့် ကျွန်မ ပျော်ရွှင်သွားသည်။ စာရေး ပျင်းသော ကျွန်မ “အမေ့ အိမ်”သို့ စာထည့်ရန်အတွက် ပြင်ရတော့သည်။
ယနေ့ည လျှပ်စစ်မီး လာနေသည်။ ကြယ်တွေ လည်း ခမ်းနားစွာ စုံလင်ခဲ့ သည်။ အရာအားလုံး ပြည့်စုံ ခြင်းသဘင်ကို ဆင်နွှဲနေချိန် ကျွန်မသည်လည်း အပြာနု ရောင်မီးအိမ်ကလေးကို ဖွင့် ၍ စာရေးရန် ပြင်ရတော့ သည်။
“ရခိုင်ရိုးမ တောင်တန်းနဲ့ ဆက်နေတဲ့ ချင်းတောင် တန်းxxx”
ဘယ်ဆီဘယ်ဝယ်က မသိနိုင်သော သီချင်းသံလေး က လေထုကို ထွင်းဖောက် လာသည်။ အေးစိမ့်သောလေ က တ၀ူးဝူးအသံပေးကာ ပြ တင်းမှ ဖြတ်ဝင်လာသည်။ စာရွက်အဖြူပေါ်၌ တရေး ရေးပေါ်လာသည့် အမေနှင့် အဖေအတွက် ကျွန်မ လွမ်း ဆွတ်မိသွားသည်။
“ဟတ်ပီးဘတ်ဒေးပါ မေမေ။ သည်တစ်ခေါက် မေမေ့မွေးနေ့၊ မေမေ့အနီး အနားမှာ သမီး ရှိမနေခဲ့တာ ခွင့်လွှတ်ပါ။ အရာအားလုံး နဲ့ တစ်သားတည်းကျအောင် သမီး နေတတ်ခဲ့ပြီ မေမေ။ ဒုက္ခဆိုတာလည်း သရုပ်လုပ် ပြီး စားသုံး တတ်ခဲ့ပြီ။ သတိရခြင်းဆိုတာကိုလည်း ဘ၀နဲ့ ချိန်ထိုးတတ်ခဲ့ပြီ၊ နောက်ပြီး...”
တစ်ဝက်တစ်ပျက် ရေးလက်စစာရွက်ပေါ် ကျွန်မ မျက်ရည်များ စွန်း ထင်းသွားခဲ့ပါသည်။ ထို့ နောက် မေမေ့အတွက် အမှတ် တရဖြစ်စေမည့် စကားတစ်ခု ခုကို ကျွန်မ ရွေးချယ်ဖို့ ကြိုး စားခဲ့သည်။
“ဖြစ်နိုင်ရင်တော့ သမီးဟာ တောင်ဇလပ် ပန်းတစ်ပွင့် ဖြစ်ပြီး မေမေ့ကို တောင်တန်း တစ်ခုဖြစ်စေချင်ရဲ့။ အမေကို ကိုယ်စားပြုနိုင်တဲ့ သမီးဖြစ် လာဖို့ အခွင့်အရေးကိုတော့ တစ်နေ့နေ့မှာ ကံကြမ္မာက ပေးသနားမှာပါ။ အဲသည်နေ့ မှာမှ မေမေ့ရင်ခွင်မှာ သမီး အစွမ်းကုန်ပွင့်လန်းတော့မယ် နော် မေမေ”
၇။
တောင်ဇလပ်ပန်းတွေ မင်းမူနေသည့် ဒေသတစ်ခု ဆီမှာ ပုစွန်ဆီရောင်ကောင်း ကင်တစ်ခု ခြယ်သထားဆဲ ဖြစ်သည်။ တိမ်သားထုတွေ သည် မြင့်ရာမှ နိမ့်ရာ၊ ထို့ နောက် နိမ့်ရာမှ မြင့်ရာ စုန် ချည်ဆန်ချည် ကူးခတ်နေခဲ့ သည်။
ကျွန်မသည်လည်း ဘယ်နှကြိမ်မြောက်မှန်း မသိနိုင်စွာပင် ရခိုင်ရိုးမ တောင်တန်းနှင့် ချင်းတောင် တန်း၏ ဆုံမှတ်တစ်ခုကို သဲကြီးမဲကြီး ရှာဖွေနေခဲ့မိ လေသည်။

လင်းစက်နွယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)