အီကွေးရှင်း.....


မနေ့က........
ညနေဟာ ဆည်းဆာရဲ့ တေးသွားနဲ့အတူ...
အင်းယားဟာ ကြက်ခွပ်ရဲ့ အိပ်မက်နဲ့အတူ..
အတွဲများဟာ ....အနာဂတ်ရဲ့ မီးအိမ်များနဲ့ အတူ..
လူငယ်များဟာ...သူတို့ရဲ့ အယ်လ်ဇေးရှင်းများနဲ့ အတူ
အမျိုးသမီးများဟာ....အိုင်ပေါ့ ရဲ့ ခြေလှမ်းများနဲ့အတူ
ဦးလေး ကြီးများဟာ...အနုအရွ မြတ်နိုးခြင်းများနဲ့အတူ
ဗယာကြော် ကုလားဟာ..မုန့်နှစ်ပေကျံ လက်အစုံနဲ့ အတူ..
ဂစ်တာဟာ ပိုင်ရှင်အတွက်...တိတ်ဆိတ်ခြင်းနှင့်အတူ...
ကိုယ်ဟာ....သူ့ရဲ့ အနမ်းတစ်ပွင့် နဲ့ အတူ....။                 ။


ထာဝရ...အတွက်
လင်းစက်

1 comment:

  1. စံပယ်ချို ကဗျာမပီတပီ စာသားလေးတွေစွန်းထင်းမှုနဲ့ အတူ
    ကဗျာလေးကိုခံစားနေပါရဲ့ကွယ်

    ReplyDelete